ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ရပ်တန့်ရေး ကမ္ဘာ့ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ မြန်မာနိုင်ငံကိုယ်စားလှယ်တွေ ပြန်လာခဲ့ကြပါပြီ။ လန်ဒန်အထိ သွားရောက်ခဲ့တဲ့ သူတို့ရဲ့ အမြင်သဘောထားတွေ ဘယ်လိုရှိပါသလဲ။
အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုက ပုံမှန်ကာလထက်စာရင် ပဋိပက္ခဖြစ်နေချိန်မှာ ပိုပြီးများသလို ဒီလို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဟာ စနစ်တကျနဲ့ ရည်ရွယ်ချက်ရှိရှိ ကျူးလွန်တာကြောင့် ကမ္ဘာ့ခေါင်းဆောင်တွေက ဒါကို အဆုံးသတ်ဖို့ ကြိုးစားနေတယ်လို့ နော်ဆူဆန်နာ လှလှစိုးက ပြောပြပါတယ်။